Call From +959 955 91 3333
Email From info@profesomm.com

Home > Professional Diploma In HR Management

Professional Diploma in

HR Management

ယနေ့ကမ္ဘာပေါ်မှာ အောင်မြင်နေတဲ့ လုပ်ငန်းရှင်တော်တော်များများက သူတို့အခုလိုအောင်မြင်တိုးတက်လာတာဟာ သူတို့ရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ဝန်ထမ်းကောင်းတွေကြောင့်ပဲဆိုပြီး အမြဲပြောလေ့ရှိပါတယ်။

ဒါကြောင့်မို့လို့ လူသားအရင်းအမြစ်စီမံခန့်ခွဲမှုက ကုမ္ပဏီတိုင်းအတွက် မရှိမဖြစ်လိုအပ်ပါတယ်။

လူသားအရင်းအမြစ်စီမံခန့်ခွဲမှုဟာ Team တည်ဆောက်တာ၊ အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှုကို တည်ဆောက်တာ၊ လူအချင်းချင်းဆက်ဆံပြောဆိုရေး ကောင်းမွန်စေဖို့နဲ့ အဖွဲ့အစည်းအတွင်းမှာရှိတဲ့ လူတစ်ဦးနဲ့တစ်ဦးဆက်ဆံရေးတွေ ပိုမိုတိုးတက်လာစေဖို့တွေအတွက် များစွာအထောက်အကူဖြစ်စေပါတယ်။

Human Resource Management က ဝန်ထမ်းတွေရဲ့ ကုန်ထုတ်လုပ်မှု စွမ်းရည်တွေကို မြင့်မားစေပါတယ်။

လုပ်ငန်းတိုင်းဟာ အောင်မြင်ဖို့အတွက် ဝန်ထမ်းတွေကို ကောင်းမွန်စွာ အုပ်ချုပ်ဖို့ HR Professional တွေ လိုအပ်နေပါတယ်။

HR Professional တစ်ယောက်ဖြစ်ဖို့အတွက် ဝန်ထမ်းတွေရဲ့ ပြုမူတတ်တဲ့အကျင့်စရိုက်တွေကို လေ့လာပြီး ဝန်ထမ်းတွေကိုဘယ်လို ခန့်ထားမလဲ? ဘယ်လို ထိန်းထားမလဲ? စတာတွေအပြင် အဖွဲ့အစည်းရဲ့ မူဝါဒတွေ၊ စည်းကမ်းတွေကို ဝန်ထမ်းတွေ လိုက်နာအောင်၊ ဝန်ထမ်းတွေရဲ့ ကိုယ်ရည်ကိုယ်သွေး တိုးတက်မှု ရှိလာအောင် သင်တန်းပေးခြင်း၊ အကဲဖြတ်ခြင်း၊ လစာနှင့် ဆုလာဒ်များ ချီးမြှင့်ခြင်း၊ ပဋိပက္ခဖြေရှင်းခြင်းနှင့် အလုပ်သမား ဥပဒေဆိုင်ရာ သတ်မှတ်ချက် တွေကို သင်ကြားပေးမှာဖြစ်ပါတယ်။

Lincoln University College & ETVA မှ စာမေးပွဲဝင်ရောက်ဖြေဆိုပြီး အောင်မြင်ပါက Lincoln University College & Euroskills မှ ပေးအပ်သော နိုင်ငံတကာအသိအမှတ်ပြု Diploma ရရှိပါမည်။
မလေးရှားနိုင်ငံသို့သွားရောက်၍ ဘွဲ့ယူနိုင်ပြီး မြန်မာနိုင်ငံရှိ 5 Star Hotel ကြီးများတွင်လည်း ဘွဲ့နှင်းသဘင်အခမ်းအနားဖြင့် Diploma လက်မှတ်များ ပေးအပ်သွားမည် ဖြစ်ပါသည်။
သင်ကြားမည့်ခေါင်းစဉ်တွေကတော့ ...
  • Introduction to HR Management
  • Recruitment, Placement and Talent Management
  • Training and Development
  • Compensations and Benefits
  • Enrichment topics in HR Management ( building positive employee relations, safety and health, managing global human resources and managing human resources in small and entrepreneurial firms)

စသည်တို့ကို အသေးစိတ်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

သင်ကြားပေးမည့်ဆရာမတွေကတော့ ...

Lecturer – ဒေါက်တာဒေါ်ခင်မာလာမောင်
B.Com (Q); M.Com,
Ph.D in Business Administration,
Naresuan University, Thailand
Department of Commerce
Meiktila University of Economics

သင်တန်းကြေး

Program Fees – 320,000 Kyats

စာမေးပွဲနှင့် Lincoln University College ကျောင်းမှတ်ပုံတင်ကြေး 80 USD နှင့် ညီမျှသောမြန်မာငွေကျပ် (for Exam & Registration Fees)

Final Exam မဖြေဆိုလိုသူများ စာမေးပွဲကြေး ပေးသွင်းရန် မလိုပါ။

HR Management Textbook Fees – 15,000 Kyats

သင်တန်းကြေးပေးသွင်းပုံ

* သင်တန်းကြေးကို အရစ်ကျခွဲသွင်းနိုင်သည်။

သင်တန်းစအပ်အပ်ချင်း (၈) သောင်းကျပ်

သင်တန်းဖွင့်တဲ့နေ့ရဲ့ တစ်လပြည့်တဲ့နေ့မှာ (၆) သောင်း

သင်တန်းဖွင့်တဲ့နေ့ရဲ့ နှစ်လပြည့်တဲ့နေ့မှာ (၆) သောင်း

သင်တန်းဖွင့်တဲ့နေ့ရဲ့ သုံးလပြည့်တဲ့နေ့မှာ (၆) သောင်း

သင်တန်းဖွင့်တဲ့နေ့ရဲ့ လေးလပြည့်နေ့မှာ (၆) သောင်း

အရစ်ကျ မဟုတ်ဘဲ တစ်ခါတည်း ပေးချေပါက 5% Discount ခံစားခွင့် ရှိပါသည်။

Profeso VIP Card ကိုင်ဆောင်ထားသူများ ကိုယ်တိုင်တက်ရောက်လိုလျှင်သော်၎င်း၊ ကဒ်ပိုင်ရှင်မှ မိမိ၏ မိတ်ဆွေ သူငယ်ချင်းများအား လိုက်လံအပ်နှံပေးလျှင်သော်၎င်း 5% Discount ခံစားခွင့် ရှိပါသည်။